မိဘ နှင့် သားသမီး

အဲလို ခေါင်းစဉ် တပ်လိုက်တော့ တော်တော်သိ တော်တော်တတ် နေသလားလို့  ထင်လိမ့်မယ်.. တစ်ကယ်တော့ ကျွန်မ ဘာဆိုဘာမှ မသိပါဘူး.. ပြောပြချင်တဲ့ အကြောင်းအရာလေး တစ်ခုကြောင့်သာ အဲလို ခေါင်းစဉ် ပေးလိုက်မိတာပါ… ကျွန်မ ပုဂံကို ခရီးသွားတော့ လမ်းမှာ တွေ့ ခဲ့တဲ့ ကလေးငယ်လေး တစ်စုကြောင့်ပါ… မိဘဆိုတာ သားသမီးတွေရဲ့  ရှေ့ ဆောင်လမ်းပြ ဖြစ်နေရမဲ့သူတွေပါ.. မိဘက သားသမီးကို လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးကြရတာပါ.. သားသမီး မလိုက်နာတာ မိဘ ဆိုဆုံးမ မတက်လို့  ဖြစ်ရတာတွေပါပဲ.. ပုပ္ပါး ကအပြန် ဘုရားဖူး ယာဉ်တွေနဲ့  တွေ့ ခဲ့ရတယ်. ယာဉ်ပေါ်က ကလေးတွေက လမ်းမပေါ်ကို ပိုက်ဆံ ပစ်ချပေးတာ မြင်ခဲ့ရပါတယ်.. သူတို့ တွေက လမ်းပေါ်မှာ ” မုန့်ဖိုးပေးပါဗျို့” ဆိုပြီး အော်ဟစ်နေတဲ့ ကလေးတွေကို ပစ်ချပေးကြတာပါ.. ကားပေါ်ကနေ ပစ်ချပေးလိုက်တော့ လမ်းပေါ်က ကလေးတွေက ဘယ်မှ မကြည့် ရှေ့  မကြည့် နောက် မကြည့်နဲ့  ပိုက်ဆံ အတင်း လုကောက် ကြပါတယ်.. ကျွန်မတို့ ဆိုင်ကယ်သာ အရှိန် အလွန်မြန်ခဲ့ရင် အဲဒီ့ လိုက်ကောက်တဲ့ကလေး အသက် ပျောက်နေခဲ့ပါပြီ…. တစ်ကယ်ဆို ကားပေါ်ကနေ ပိုက်ဆံပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဘယ်သူမှ ပစ်မချ ပေးသင့်ပါဘူး.. အဲလိုပဲ ကလေးတွေကလည်း ” မုန့်ဖိုးပေးပါဗျို့” ဆိုပြီး လမ်းမပေါ်မှာ လိုက်မတောင်းသင့်ပါဘူး.. အဲဒီ့နေရာမှာ လူကြီးတစ်ယောက်မှ ရှိမနေပါဘူး… အဲလိုအချိန် ကလေးတစ်ခုခု ဖြစ်သွားပါပြီတဲ့ ဘယ်သူက ဘာသွားလုပ်ပေးမလဲ တိုက်တဲ့ ကားပဲဖြစ်ဖြစ် ဆိုင်ကယ်ပဲဖြစ်ဖြစ် ပစ်ပြေးသွားမှာပဲ သေတော့ ကိုယ့်ကလေးပဲ အသက် ဆုံးရှုံးရမှာပဲလေ.. ဒါတွေကို မိဘတွေက မသိတာလား. မသိချင်ယောင် ဆောင်နေတာလား.. သိသိကြီးနဲ့  ပိုက်ဆံ အလကားရအောင် လုပ်ခိုင်း ထားတာလား.. စဉ်းစားစရာပါပဲ…အဲလို ကလေးတွေဟာ နောင်တစ်ချိန်မှာ ပိုက်ဆံဆိုတာ တောင်းရင် ရတယ်ဆိုတဲ့ အသိစွဲသွားရင် ဘယ်လိုလုပ်မလဲ.. ကျွန်မ စဉ်းစားမိတယ်. ကလေးဆိုတာ ဘာမှ သိသေးတဲ့ အရွယ် မဟုတ်သေးပါဘူး.. ရှေ့ က မိဘတွေ လူကြီးတွေ ကိုယ့်အစ်ကို အစ်မတွေ လုပ်သလို အကုန် လိုက်လုပ်တက်တဲ့ အရွယ်လေးတွေပါ.. အဲလို အရွယ်လေးတွေကို ဘယ်လိုမိဘ မောင်နှမ သားချင်းတွေက အဲလိုအသိတွေ ပေးလိုက်တယ် မသိပါဘူး… စိတ်မချမ်းမြေ့ စရာပါပဲ…
ကျွန်မ စစ်ကိုင်းဘက် ဘုရားဖူး ထွက်တုံးကဆိုရင်.. မြသိန်းတံ ဘုရားမှာ ကလေးတစ်ယောက်က ဖယောင်းတိုင် လေးတွေကို လိုက်ရောင်းတာ တွေ့ ခဲ့ရတယ်. ကလေးလေးက အလွန်ချစ်စရာ ကောင်းပါတယ်.. စကား ပြောတာကလည်း ရည်မွန်လှတယ်.. ကျွန်မတို့  ဆရာကြီးက အဲဒီ့ကလေးကို ချစ်လို့ မုန့်ဖိုး ပေးတာ အဲဒီ့ ကလေးက မယူပါဘူး.. ဘာပြန်ပြောလည်းဆိုတော့ “မေမေက မှာထားတယ်.. သူများ အလကားပေးတာ မယူရဘူးတဲ့ ကိုယ့်လုပ်အားနဲ့ ကိုရတဲ့ပိုက်ဆံကိုပဲ ယူရမယ်တဲ့.. ဒါ့ကြောင့် ကျွန်တော်ရောင်းတဲ့ ဖယောင်းတိုင်သာ ဝယ်သွားပါတဲ့ “လေ.. ဘယ်လောက် ချစ်စရာကောင်းလိုက်လဲ.. အဲဒီ့ နှစ်ခုကို ယှဉ်ကြည့်လိုက်တော့ မိဘတွေရဲ့ ဆိုဆုံးမမှုဟာ သားသမီးတွေ အပေါ်မှာ အလွန် အရေးကြီးပါလား ဆိုတာ သိလိုက်မိတယ်… အဲလို မိဘမျိုးတွေ များများရှိနေပါစေလို့  စိတ်ထဲမှာပဲ ကြိတ်ဆုတောင်းနေမိပါတော့တယ်….

တင်ဆက်သူ – ice ကော်ဖီ (ဆင်တဲကဖေး)

Leave a Comment

ပုပ္ပါးတောင် နှင့် ပုဂံခရီး

Christmas ပိတ်ရက်မှာ အိမ်မှာပဲ ဇိမ်နဲ့နှပ်မယ်လို့ စိတ်ကူးထားတုန်း မုံရွာက အခင်မင်ရဆုံး သူငယ်ချင်း တစ်ယောက်နဲ့ ညီမလေးတို့ ဇနီးမောင်နှံ အလည် လာမယ်ဆိုလို့ မနားရဘဲ ဘုရားဖူး လိုက်ပို့ဖို့ ဖြစ်လာပါတယ်။ နားရက် မရခဲ့ပေမဲ့ သူငယ်ချင်းနဲ့  ပြန်တွေ့ ရတော့ ပျော်ရွှင်ရပါတယ်။ အစတုံးက Christmas ပိတ်ရက်မှာ ပုဂံကို သွားမယ် စိတ်ကူးပေမဲ့ မသွားဖြစ်လိုက်ပါဘူး။ ကျွန်မတို့  ပခုက္ကူမြို့နယ် တွင်းရှိတဲ့ တန်ခိုးကြီး ဘုရားများဖြစ်တဲ့ ပခန်းဘုရား၊ ရွှေတန်းတစ်ဘုရား၊ သီဟိုဠ်ရှင် မြတ်စွာဘုရား၊ ရွှေမုတ်ဠော ဘုရားတို့ ကိုပဲ လိုက်ပို့ ပေးဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့အံ့ဖွယ် ရွှေကူ တံကဲတော်ကြီး ကိုတော့ လိုက်ပို့  မပေးဖြစ်ခဲ့ပါဘူး။ Christmas နောက်နေ့ ကျမှ မနက် အစော ဇက်နဲ့ လက်ပံခြေပေါ် ဇက်ဆိပ်ကနေ ပုဂံကို ခရီးဆက် ခဲ့ကြပါတယ်။ ပုဂံမှာ ရွှေစည်းခုံ ဘုရားကို ဝင်ရောက် ဖူးမျှော်ပြီး၊ ပုဂံဘုရားထက် ပုပ္ပါးကို သွားချင်တဲ့အတွက် ပုပ္ပါးတောင်ကို အရင်သွား ဖြစ်ခဲ့ကြပါတယ်။ ပုပ္ပါးတောင် မရောက်ခင် တုရင်တောင် ဘုရားကို ဝင်ရောက် ဖူးမျှော်ခဲ့ကြပါတယ်။ တုရင်တောင် အတက်လမ်း မက်မက်ကို ဆိုင်ကယ် အရဲစွန့် စီးရတာလည်း ပျော်စရာ ကောင်းလှပါတယ်။ ကားနဲ့ တောင် မနဲတက်နေရတဲ့ ဒီတောင်ပေါ်ကို ဆိုင်ကယ်လေးနဲ့  တက်ရတယ် ဆိုတာကို သွားနေတုံး ဘယ်လိုမှ မဖြစ်ပေမဲ့ အပြန် အိမ်ရောက်တော့မှ လန့် နေမိတော့တယ်။ ပုပ္ပါးတောင်က တုရင်တောင်လောက် မမက်ဘူးဆိုပေမဲ့ တက်ရတာ ဘုရားတ နေရတာပါပဲ။ တောင်တက်လမ်းတွေ ချည်းဖြစ်နေတဲ့ ဒီခရီးကို သွားတုံးက ပျော်ခဲ့ပေမဲ့ ပြန်တွေးကြည့်မှ ကြောက်မိနေတော့တယ်။ ပုပ္ပါးတောင် ပေါ်တက်တော့ ကိုရွှေမျောက်တွေရဲ့  ရန်ကလည်း မနည်းရှောင် ရသေးတယ်။ အစာကျွေးမှန်း သိတော့ အနားကနေ မခွာဖြစ်နေတဲ့ ဒီ ကိုရွှေတော်တွေကို မနည်း မောင်းထုတ်ရပါတယ်။ ဝယ်လာခဲ့တဲ့ မုန့် တွေလည်း သူတို့  လုတာနဲ့ ပဲ ကုန်ရပါတော့တယ်။ တောင်ကလပ်လေးတောင် အသက်ရှူမှား နေတာတောင် တောင်မကြီးကို နောက်တစ်ခေါက် တက်ဖြစ်အောင် တက်မယ်လို့ မှန်းထားခဲ့မိပါသေးတယ်။ ကျွန်မ ညီမကတော့ တွဲကူမဲ့သူပါတော့ ကျွန်မတို့ ထက် ပိုမောပါတယ် 🙂 ။ တောင်ပေါ် တက်တော့ ချွေးစို့ ပေမဲ့ တောင်ပေါ်ရောက်တော့ လေနုအေးလေး တွေကြောင့် လန်းဆန်း ရပါသေးတယ်။ ပုပ္ပါးတောင် ပေါ်ကနေကြည့်ရင် အိမ်သေးသေးလေးတွေပဲ မြင်ရပါတော့တယ်။
ကျွန်မတို့က ပုဂံဘုရားဖူးတင်ဆိုပြီး အိမ်ကနေထွက်လာခဲ့တော့ ပုပ္ပါးတောင်ကနေအပြန် (၃းဝဝ)နာရီရှိနေပြီ ဖြစ်တဲ့အတွက် ဘယ်လိုမှ ဇက်မမီနိုင်တော့ပါဘူး။ ဒါ့ကြောင့် စက်လှေနဲ့ ပဲသွားဖို့ ဆုံးဖြတ်ပြီး ပုဂံဘုရားကို ဆက်လက်ဖူး ခဲ့ကြပါသေးတယ်။ ဒါတောင် ဗူးဘုရား၊ အလိုတော်ပြည့်ဘုရား၊ အာနန္ဒာဘုရား ပဲရောက်ခဲ့ပါတယ်။ ကျွန်မတို့သွားတဲ့အချိန်က အာနန္ဒာဘုရားပွဲတော် ဖြစ်တဲ့အညီ ဘုရားဖူး ဧည့်သည်တွေလည်း များပြားလှပါတယ်။ ဆောင်းတွင်း ရာသီလည်းဖြစ်၊ ဒီဇင်ဘာ အားလပ်ရက်ရှည် ပိတ်ရက်လည်း ဖြစ်တဲ့အတွက် အနယ်နယ် အရပ်ရပ်က ဘုရားဖူး ဧည့်သည်တွေရော၊ နိုင်ငံခြားသား ဧည့်သည်တွေရော စည်ကားလှပါတယ်။ ပုဂံဝန်းကျင် ဘယ်ကြည့်ကြည့် အဖွဲ့ လိုက် ဘုရားဖူးတွေကို မြင်နေရမှာပါ။ ကျွန်မတို့ တွေအားလုံး ပျော်ရွှင်ခဲ့ကြပါတယ်။ စက်လှေကိုလည်း ဘုရားစာ အထပ်ထပ် ရွတ်ပြီး လိုက်ခဲ့ရတာတွေကိုလည်း မမေ့နိုင်ပါဘူး။ ဖုန် အရမ်းထူထပ်တဲ့ လမ်းတွေကို မမြင်မစမ်းနဲ့ ဆိုင်ကယ်မောင်း ရတာလည်း မမေ့နိုင်တော့ပါဘူး။ အိမ်ပြန် နောက်မကျနဲ့ အပြင်မှာ ဘာမှစားမလာနဲ့..စသည်ဖြင့် အထပ်ထပ် မှာလိုက်တဲ့ မေမေ့စကားကိုလည်း ကျွန်မတို့ အားလုံး မပယ်ရှားဝံ့တဲ့အတွက် ဘာမှမစားခဲ့ဘဲ ဗိုက်ဆာတဲ့ဒဏ်ကိုလည်း အားလုံး ခံစားရတာကိုလည်း မမေ့နိုင်တော့ပါဘူး…
ဘာပဲဖြစ်ဖြစ်.. ပုဂံ၊ ပုပ္ပါး၊ တုရင်တောင် ခရီးကတော့ဖြင့် မမေ့နိုင်တဲ့ ခရီးတစ်ခုပဲ ဖြစ်ပါတော့တယ်။ ဒီလိုရာသီဥတု၊ ဒီလိုအချိန်မှာ ဘုရားဖူးထွက်ရတာ ပျော်စရာ အလွန်ကောင်းပါတယ်။ ပုဂံ ဘုရားတွေ အကြောင်း၊ ပုပ္ပါးတောင်အမြင့်၊ တုရင်တောင် ရာဇဝင် စတာတွေကို ဘာမှမသိလို့ ဘယ်လိုမှ မရေးပြ နိုင်ပါဘူး။ အဲ့ဒီအတွက် တောင်းပန်ပါတယ်။ နောက် ကြုံရင် သိလာခဲ့ရင် ထပ်ရေးပါအုံးမယ်။ အခုကတော့ ကျွန်မရဲ့ ခရီးသွား မှတ်တမ်း သေးသေးလေးပါပဲ။ ကျွန်မနေထိုင်တဲ့ ပခုက္ကူကို လာလည်ပါလို့ ဖိတ်ခေါ်ပါတယ်။ ပုဂံကို အလည်တစ်ခေါက် သွားချင်တယ် ဆိုရင်လည်း လိုက်ပို့ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..
တင်ဆက်သူ – ice ကော်ဖီ (ဆင်တဲကဖေး)

Leave a Comment

မိုလ်ဘိုင်းဖုန်း Caller RingTone

မလေးရှားက maxis လိုင်းသုံးတဲ့ သူငယ်ချင်းတွေအတွက်ပါ။ မိမိတို့ Caller RingTone တွေမှာ မလေးသီချင်း၊ တရုတ်သီချင်း၊ အင်္ဂလိပ်သီချင်း တွေ သုံးရတာငြီးငွေ့နေလောက်ပါပြီ။ အသစ်အဆန်းလေး ဖြစ်သွားအောင် ကိုယ့်မြန်မာသီချင်းလေးတွေကို ထည့်သုံးနိုင်ပါပြီ။ အောက်မှာပေးထားတဲ့ ကိုယ်နှစ်သက်တဲ့ သီချင်းလေးတွေကို ရွေးပြီး သက်ဆိုင်တဲ့ Code no. တွေကို ဖုန်းမှာရေးပြီး call ကို နှိပ်လိုက်ပါ။ ဒါဆိုရပြီပေါ့ဗျာ။ (သြော် ဖုန်းထဲမှာ rm 3 ကျော်တော့ရှိရမှာပေါ့နော်..) တစ်ဘက်ဖုန်းက မိမိဖုန်းကိုခေါ်တဲ့အခါ (တူ…တူ… )အစား ကိုယ်ဝယ်ထားတဲ့ သီချင်းလေးတွေကို တစ်ဖက်လူက ကြားရပြီပေါ့။ ထုံစံအတိုင်းဘဲ ၁ – ပိုဒ်ကို rm 3 နဲ့ ၁ – လခံတာပေါ့။ သီချင်းဓာတ်ခံ ရှိပြီးသားသူတွေလည်းဝယ်လို့ ရပါတယ်။ ဝယ်ပြီးရင်တော့ သီချင်းနှစ်ပိုဒ်က ခေါ်လိုက်တိုင်းတစ်လည့်စီ လာနေမှာပေါ့။ အဲလိုမဖြစ်ချင်ရင် *100# ကို call ပြီးရှာပိတ်လို့ရပါတယ်။
ကျွန်တော်တော့ ဂျာနယ်ထဲမှာတွေ့လို့ အောက်က list ကို သုံးချင်တဲ့သူ သုံးလို့ရအောင် တင်ပေးလိုက်ပါတယ်…

No. Code no. သီချင်းအမည်… (တေးဆို)
၀၁. *131*151617# ငါရဲ့လမင်း (လေးဖြူ)
၀၂. *131*151619# သံယောဇဉ် (လေးဖြူ)
၀၃. *131*151651# လမိုက်ည (မျိုးကြီး)
၀၄. *131*151649# ကိုက်ရေးရာဇဝင်(အငဲ)
၀၅. *131*151650# ထပ်မဝေးဘူး (အငဲ)
၀၆. *131*151653# အိမ်လွမ်းသူ (ဝိုင်ဝိုင်း)
၀၇. *131*151652# ဖြတ် (Rဇာနည်)
၀၈. *131*151641# ရင်ခုန်ဘက်သို့တမ်းချင်း (ဟန်ထွန်း)
၀၉. *131*151642# ရင်နာတယ်ဧပရယ် (ဟန်ထွန်း)
၁၀. *131*151660# အတိုင်းထက်အလွန် (နောနော်)
၁၁. *131*151659# မင်းမသိဘူး (နောနော်)
၁၂. *131*151656# အချစ်ဆိုတာ (ခင်မောင်တိုး)
၁၃. *131*151658# ပန်းချစ်သူ (ခင်မောင်တိုး)
၁၄. *131*151667# မောင်နဲ့လိုက်ခဲ့ဦးမလား (ဗညားဟန်)
၁၅. *131*151668# ရွှေသဇင် (ဗညားဟန်)
၁၆. *131*151669# သမုဒယဝါဆိုမိုး (ဗညားဟန်)
၁၇. *131*151655# ကလေးဆိုး (ငြိမ်းစည်သူ)
၁၈. *131*151654# ကိုယ်ကချစ်ရသူလေ (ငြိမ်းစည်သူ)

Leave a Comment

ဆရာတော်ဦးဇောတိက – ခွင့်လွှတ်ခြင်း တရားတော်

ကိုယ်နဲ့ရင်းနှီးတဲ့သူ ခင်မင်တဲ့သူကပဲ ကိုယ်ကိုအများဆုံး ဒုက္ခပေးနိုင်တာနော်။ ကိုယ်ကိုတခါမှ မမြင်ဘူးတဲ့သူ တခါမှမကြားဖူးတဲ့သူက ကိုယ်ကိုစိတ်ဆင်းရဲအောင် လုပ်ပါတယ်ဆိုတာ ဘယ်နှစ်ခါကြုံဖူးသလဲ။ အင်မတန် ရှားပါတယ်။ အဲဒီလူအားလုံးကို နားလည်ပြီးတော့ ခွင့်လွှတ်ဖို့ လိုတယ်။
ကိုယ့်ကို တစ်နည်းနည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်မိတာတွေထဲမှာ ဘယ်နှစ်နည်းနဲ့ စိတ်ဆင်းရဲအောင် လုပ်လို့ရသလဲ။ လုပ်မိတတ်သလဲ။ မှတ်ထားတာ ၉-မျိုးတွေတယ်။ ကိုယ့်ဟာကိုလည်း နောက်ထပ်ဖြည့်ပြီးတော့ စဉ်းစားပါနော်…
Disappointment – ကိုယ့်မျှော်လင့်သလို ဖြစ်မလာလို့ စိတ်ဆင်းရဲရတာ၊ ကိုယ့်ကိုမျှော်လင့်ချက်တစ်ခု၊ ကတိတစ်ခု ပေးပြီးတော့ ကတိအတိုင်းမတည်လို့ စိတ်ဆင်းရဲရတာ…
Rejection – ကိုယ့်ကို နေရာမပေးတာ၊ အသိအမှတ်မပြုတာ၊ ကိုယ့်ကိုပယ်တာ၊ မဆက်ဆံပဲနေတာ၊ လူရာမသွင်းတာ၊ ကိုယ့်စကားကိုလေးလေးစားစား နားမထောင်တာ၊ မမြင်ဟန်ဆောင်နေတာ၊ သာရေနာရေးမဖိတ်ပဲ မေ့ထားလိုက်တာ…
Abandonment – စွန့်ပစ်တာ၊ ပစ်ထားခဲ့တာ…
Ridicule – လှောင်တာ၊ ပြောင်တာ၊ သရော်တာ…
Humiliation ဂုဏ်သိက္ခာ ကျသွားအောင်ပြောတာ၊ အထင်သေးသွားအောင်ပြောတာ၊ ရှက်သွားအောင်ပြောတာ…
Betrayal – သစ္စာဖောက်တာ၊ ယုံလို့ ပြောပြထားတဲ့ လျှို့ဝှက်ချက်တွေကို သူများကိုပြောလိုက်တာ၊ တစ်ယောက်ပေါ်တစ်ယောက်စောင့်စည်းရမှာကို မစောင့်စည်းဘူး။ ဖောက်ပြားတာ…
Deception – လှည့်စားတာ၊ လှည့်တယ် ပတ်တယ် လိမ်တယ် ညာတယ် ပရိယာယ်အမျိုးမျိုးသုံးတယ်။ တစ်ယောက်ကိုတစ်ယောက် မယုံတော့ဘူး။ လုပ်ငန်းတွေမအောင်မြင်တာ၊ ပျက်စီးတာ အမှန်တော့ ယုံကြည်စိတ်ချထိုက်တဲ့ အခြေအနေမရှိတော့လို့ပဲ…
Physical Abuse – ရိုက်တာ၊ နှက်တာ၊ လက်သီးနဲ့ထိုးတာ၊ ပါးရိုက်တာ၊ တုတ်နဲ့ရိုက်တာ၊ မီးနဲ့ရှို့တာ၊ အပ်နဲ့ထိုးတာ…
Emotional Abuse ဆိုတာ စိတ်ဆင်းရဲအောင်လုပ်တာ၊ ပစ်ပယ်ထားတာ၊ အဖက်မလုပ်တာ၊ တုံတယ်၊ အတယ်၊ ဖျင်းတယ်၊ ကြောင်တယ်၊ ပေါတယ်၊ ရူးနေတယ်၊ ယုတ်မာတယ်၊ အသုံးမကျဘူး၊ အဖြစ်မရှိဘူး စသည်ဖြင့် ထပ်ခါထပ်ခါ ပြောတာ။ စိတ်ဆင်းရဲအောင်ပြော အမျိုးမျိုးခြိမ်းခြောက်တာကို ခေါ်တယ်။…
ခွင့်မလွှတ်နိုင်ရင် အဲဒီခံစားချက်က လွှမ်းမိုးနေလို့ ကိုယ့်ဘဝဟာ ပုံပျက်ပန်းပျက် ဖြစ်သွားတယ်။ ကိုယ့်ဘဝဟာ ရှေ့သွားမယ့်လမ်း မဖြောင့်ဖြူးတော့ဘူး။ လောကီရေးမှာလည်း တိုးတက်မှု ကြီးပွားမှုဖြစ်ဖို့ ခဲယဉ်းသွားတယ်။ ပိုပြီးတော့ အရေးကြီးတာက တရားဖက်မှာလည်း တိုးတက်းမှု ကြီးပွားမှုဖြစ်ဖို့ အင်မတန်ခဲယဉ်းသွားတယ်။
ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးက နေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ဘူး။ ခွင့်လွှတ်လိုက်တာ ကိုယ့်ကိုယ်ကိုကိုယ် လွတ်လပ်မှု ပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပဲ။
ခွင့်လွှတ်တယ်ဆိုတာ ဘေးလူမြင်ကောင်း ကြားကောင်အောင် လုပ်တဲ့အလုပ် မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာတကယ် လွတ်လပ်မှု ရသွားအောင် တကယ် ငြိမ်းချမ်းသွားအောင် လုပ်တဲ့အလုပ် ဖြစ်တယ်။
ရန်ငြိုးဖွဲ့နေရတာ မုန်တီးနေရတာ မကျက်သေးတဲ့ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်တာဟာ ခွင့်လွှတ်တာပဲ။
ခွင့်လွှတ်နိုင်တာဟာ အလွန်ကြီးမားတဲ့ စွမ်းအားတစ်မျိုး ဖြစ်တယ်၊ ကြီးမားတဲ့စွမ်းအင် ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓာတ်ရောအသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓာတ်အင်အား အသိဥာဏ်အင်အား နဲသေးတဲ့သူရဲ့ အလုပ်ဖြစ်တယ်။
ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုကတာဘဲ။ ငါ ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျခံပြီးတော့ မနေတော့ဘူး။ ကိုယ့်ကိုယ်ကိုကိုယ် ထောင်ချထားတာပဲ ဆိုတာကို မြင်ဖို့လိုတယ်။ အဲဒီလို မြင်ပြီးတော့ ကိုယ့်ထောင်တံခါးကိုကိုယ် ဖွင့်ပြစ်လိုက်တာပဲ။
ဒီဒေါသစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးကလေးပဲ ဒေါသစိတ်ကလေးပါ ငါ မဟုတ်ဘူး သူသဘာဝနဲ့သူပဲ။ အဲဒီလိုစိတ်ကလေးကို ငါ မဟုတ်တဲ့စိတ်ကလေးအနေနဲ့ ဒေါသစိတ်ကလေးအနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။
You are more available to other people.
ကိုယ်က စိတ်ငြိမ်းချမ်းမှု ရှိနေတဲ့အခါမှာ ကိုယ့်ကိုယ်ကို သူများအတွက် ပိုပေးနိုင်တယ်။ သူများကို ပိုပြီး အာရုံပြုနိုင်တယ်။ အကူညီပေးနိုင်တယ်။ ကိုယ်ချင်းစာနိုင်တယ်။ သူတို့ပြောတာတွေကို သေသေချာချာ နားလည်နိုင်အောင် နားထောင်နိုင်တယ်။ စဉ်းစားနိုင်တယ်။
To error is human. But to forgive devine.
လူဆိုတာမှားတတ်ပါတယ်။ ဒါပေမယ့် ခွင့်လွှတ်ခြင်းဟာ မြင့်မြတ်ပါတယ်။
တကယ်တော့ သူများကို ဒုက္ခရောက်အောင် မလုပ်ဘူးတဲ့သူဟာ မရှိပါဘူး။ ခွင့်လွှတ်တယ်ဆိုတာ အင်မတန်နက်နဲ့ ပါတယ်။
အပြစ်မတင်တော့ဘူးဆိုရင် ခွင့်လွှတ်နေဖို့လည်း မလိုတော့ဘူးနော်။ ခွင့်လွှတ်စရာ မလိုတော့ဘူးဆိုရင် ဘယ်လောက် လွတ်လပ်ပြီးတော့ ဘယ်လောက်အေးချမ်းသွားမလဲ နော်။
ကိုလုပ်ခဲ့သမျှကို ပြန်ကြည့်ပြီးတော့ မှားတာကိုတော့မှားပါတယ်လို့ ရိုးရိုးသားသား တိတိကျကျ ဝန်ခံဖို့လိုတယ်။ ပြီးရင် ငါ့ကိုယ်လည်းငါ ခွင့်လွှတ်လိုက်မယ်။ ရှေ့လျှောက် ငါကောင်းတာတွေ လုပ်တော့မယ်။ နောင်တရပြီးတော့ တစ်နေ့တစ်နေ့ အချိန်မကုန်ချင်တော့ဘူး။
ငါ ဘယ်သူ့အပေါ်မှာမှ မကျေနပ်မှုမရှိဘူး။ ဘယ်သူ့ကိုမှ ရန်ငြိုးလည်း မထားဘူး။ ကလဲ့စားလည်း မချေဘူး။ ငါအပေါ်မှာလည်း ဘယ်သူကမှ မုန်းတီးနေတာ ရန်ငြိုးထားနေတာ နာကျည်းနေတာ မရှိဘူးဆိုတာလေး သိသွားရရင် တော်တော်ကောင်းမှာဘဲနော်…(ဆရာတော်ဦးဇောတိက)

ဒေါင်းရန် ။ ။
MultiUpload
MediaFire

Leave a Comment

Merry Christmas 2009, Dec

တင်ဆက်သူ – ice ကော်ဖီ (ဆင်တဲကဖေး)

Leave a Comment

ဒီဇင်ဘာ ထဲက ဆင်တဲ

ယမန်နေ့ညက ရွာထားတဲ့မိုးကြောင့် မနက်စောစောစီးစီး မြေသင်းရနံ့လေးတွေနဲ့ လမ်းလျှောက်ထွက်ခဲ့တယ်။ JURONG POINT ကိုရောက်တော့ X-mas အတွက် ပြင်ဆင်ထားတာလေးတွေကြည့်ပြီး သြော်…ဒီအချိန်ဆိုရင် မြန်မာပြည်မှာ ခိုက်ခိုက်တုန်နေရောရောပေါ့ ဆိုတဲ့အတွေးနဲ့ ဆင်တဲရဲ့ ဒီဇင်ဘာလေးကို သွားသတိရမိလို့ ဒီ POST လေးရေးဖြစ်တာပါ။
ဒီဇင်ဘာရဲ့ ညတစ်ညမှာ ကျွန်တော်တို့ သူငယ်ချင်းတွေ စာအတူစုကျက်ကြရင်း ပေါ့ဆိမ့် က ‘‘ ဒီလက ဒီဇင်ဘာအားကစားလ’’တဲ့ ‘‘ ဒို့တွေ မနက်အစောကြီး ထပြေးရင်ကောင်းမယ်’’ လို့ပြောတယ်။ ကျန်တဲ့သူငယ်ချင်းတွေကတော့ မနက်စောစောစီးစီး စောင်ခြုံကွေးရတဲ့အရသာကိုမလဲနိုင်ကြလို့ သဘောမတူပါဘူး။ အဲဒီတော့ ကျွန်တော်တို့နှစ်ယောက်ပဲ မနက် ၄ နာရီထပြေးဖို့ သဘောတူလိုက်တယ်။
နံနက် ၄ နာရီနှိုးဆက်မြည်တော့ အိပ်ယာကနေ မျက်စိမဖွင့်ပဲ ခြုံစောင်ဖယ်ပြီး မတ်တတ်ရပ်လိုက်တယ်။ ‘‘အားပါး ချမ်းလိုက်တာ’’ စောင်ခြုံထဲ ပြန်ပြေးဝင်ချင်စိတ် ပေါက်သွားတယ်။ ဒါပေမယ့် ပေးထားတဲ့ကတိ အပျက်ခံလို့မဖြစ်ဘူးဆိုတဲ့ စိတ်နဲ့ မျက်နှာသစ်ချင်ယောင်ဆောင်လိုက်တယ်။ အရမ်းအေးတော့ ရေကိုလက်နဲ့ထိတာ ဓါတ်လိုက်သလိုပဲ။ အဲဒါကြောင့် သစ်ချင်ယောင်ဆောင် သဘက်ဆောင်နဲ့သုတ်ပြီး သူငယ်ချင်းအိမ်ဘက်ထွက်လာခဲ့တယ်။ အဲဒီနောက် ကျွန်တော်တို့နှစ်ယောက် စတင်ပြေးခဲ့ပါတယ်။ အောက်ရပ်ကွက် လယ်ကွင်းတွေရဲ့ ဘေးလမ်းကနေ အထက ကျောင်းကြီးဆီဦးတည်ပြေးပြီးတော့ ညာဘက်ကွေ့ မောင်းထောင်ဂိတ်ကိုဖြတ်ပြီး ပန်းတောင်တောင်ကုတ် လမ်းမကြီးအတိုင်းပြေးခဲ့ပါတယ်။ ဆင်တဲသင်္ချိုင်းနားကိုရောက်တော့ ကျွန်တော်တို့နှစ်ယောက် အနည်းငယ်ချွေးစို့လာပါတယ်။ တစ်လမ်းလုံးပြေးလာလို့လေ။ အဲဒီကနေ ဆင်တဲဈေးကိုဖြတ် ဧရာဦးလဘက်ရည်ဆိုင်ကိုဖြတ်ပြီး ကမ်းနားရပ်ကွက် ဇီးတောလမ်းမှတဆင့် တန့်ကြည်တောင်ခြေကို ရောက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မြူတွေဝေနေတဲ့ ဇီးခင်းကြီးနဲ့ နှင်းတွေစိုနေတဲ့ သစ်ပင်လေးတွေ ကိုအခုထိသတိရနေတုန်းပဲ။ ပြီးတော့သူငယ်ချင်းနှစ်ယောက် တောင်ခြေမှ အုတ်ခဲနဲ့သဲကို ကိုယ်နိုင်သလောက်သယ်ပြီး တောင်ပေါ်ရောက်တော့ ဘုရားရှေ့မှာလှူဒါန်းခဲ့တယ်။ ပြီးတော့တောင်ပေါ်ကနေ ဆင်တဲနဲ့ဧရာဝတီရဲ့ ဝေလီဝေလင်းနှင်းတွေဆိုင်းနေတဲ့ သဘာဝအလှကို အားပါးတရကြည့်ပြီး တန့်ကြည့်တောင်ဘုရားပေါ်က ပြန်ဆင်းခဲ့ပါတယ်။
အပြန်ဆင်တဲဈေးမှာ ကောက်ညှင်းငချိပ်ပေါင်းဝယ်စားပြီးပြန်ခဲ့ပါတယ်။ အိမ်ရောက်တော့ အဝတ်အစားအမြန်လဲပြီး ကျောင်းကိုအမြန်ထွက်ခဲ့တယ်၊ အခန်းဝရောက်တယ်ဆိုရင်ပဲ ‘‘မင်္ဂလာပါ ဆရာမ’’ ဆိုတဲ့ ညီညာနာဝင်ချိုတဲ့ အသံကိုကြားလိုက်ရတယ်၊ ကျွန်တော်တို့နှစ်ယောက်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း အနည်းငယ်ရှုံ့မဲ့သွားပြီး‘‘သူငယ်ချင်းရေ ဒီနေ့တော့ ထိုင်ထပဲလုပ်ရမလား၊ ဗိုက်ကြောပဲ လိမ်ဆွဲခံရမလား၊ ပေတံစောင်းနဲ့မိမလား၊ တစ်ခုခုတော့ ချီးမြှင့်ခံရမှာပဲ’’
ဒါလေးကတော့ ကျွန်တော့်ရဲ့ ဒီဇင်ဘာတွေထဲက ဒီဇင်ဘာလေးတစ်ခုပါ
ခေါင်းစီးလေးနဲ့အညီ မျှဝေခံစားနိုင်ပါစေလို့

Leave a Comment

Blogger Background Image

Blogger Background Imageအား ထည့်သွင်းလိုလျှင် အောက်ပါလုပ်ဆောင်ချက် အဆင့်ဆင့်အတိုင်းပြုလုပ်ပါ။ >>
၁။ ဦးစွာ မိမိBlogအား Loginလုပ်ပါ။
၂။ Layout သို့သွား၍ Edit HTML tabအားနှိပ်ပါ။
၃။ Edit Templateအောက်တွင် Codeအား ရှင်းလင်းစွာမြင်နိုင်ရန် Expand Widget Template boxကို အမှန်ခြစ်ပြပါ။
၎။ အောက်ပါ codeအား ရှာပါ။
body {
background:#bca;

၅။ အထက်ပါ codeအစား အောက်ပါ Codeအား ကူးထည့်ပါ။
body {
background-color:#B38481;
background-image: url(http://i363.photobucket.com/albums/oo80/ehnosmellflower/Burma_-_Bagan_Myanmar.jpg);
background-repeat: no-repeat;
background-position: center center;
background-attachment: fixed;

၆။ ထို့နောက် background-image: url( )ကွင်းထဲတွင် Image URLအား ထည့်သွင်းရပါမည်။
၇။ ထိုသို့ထည့်သွင်းနိုင်ရန်အတွက် Image hosting websiteမှ မိမိပုံအား Uploadလုပ်ရပါမည်။ ဤ photobucket site အား ဖွင့်ပါ။
၈။ Sign Up လုပ်ပါ။
၉။ ထို့နောက် မိမိ၏ပုံအား Upload Image & Videorမှ uploadလုပ်ပါ။
၁၀။ Uploadလုပ်ထားသောပုံအောက်မှ Direct Linkအား copy လုပ်ပါ။ ထို့နောက် background-image: url( )ကွင်းထဲတွင် ထည့်သွင်းလိုက်ပါ။

၁၁။ ယင်းနောက် Save Template buttonအား နှိပ်ပါ။ View blog လုပ်နိုင်ပါပြီ။
FROM ; http://to4you.blogspot.com

Leave a Comment

English-ဗမာ-ကရင် Dictionary

Eglish-ဗမာ-ကရင် Dictionary လေးပါ ။
Comment ထဲမှာတွေ့လို့တင်ပေးလိုက်ခြင်း ဖြစ်ပါ၏ .. 😛
ကရင် font အတွက်တော့ knu ဆိုတဲ့ font ကို font folder ထဲမှာ သွားထည့်ဖို့တော့လိုပါတယ် ..
.NET Framework (2.0) လေးလည်းလိုပါတယ်ဗျာ .. window ထဲမှာ Framework မရှိရင်တော့ ဒါလေး ကို download ချပြီး install လုပ်ဖို့တော့လိုပါတယ်ဗျာ ..
အဆင်ပြေပါစေ … 🙂
Download:

http://ifile.it/i4k3f08

OR
Download:
http://www.zshare.net/download/63988837a4bc792b/
OR
Download:
http://www.megaupload.com/?d=X8IY5LWZ
OR
Download:
http://www.mediafire.com/?2fkou03mzor

FROM >>> http://ogree.blogspot.com

Leave a Comment

How to Make Falling Objects on Your Blog

ဒီအကြောင်းအရာကိုတော့ ညီအကိုတို့ အရမ်းသဘောကျမယ်ထင်တယ်. ကျွန်တော်ရှေ့မှာ ဘလော့ပေါ်မှာ နှင်းစက်တွေ့ ကျလာအောင် နည်းလမ်းအကြောင်းကို ဒီနေရာ ရေးခဲ့ပြီး ဖြစ်ပါတယ်. အဲဒီတုန်းက မှတ်မှတ်ရရ ကျွန်တော်ရဲ့ ဘော်ဒါကြီး မစိမ်းက သူဘလော့ပေါ်မှာ နှင်းစက်များ ကျအောင်လုပ်ရင်ကော အဆင်ပြေပါမှလားလို့ မေးဖူးတယ်. ဘာဖြစ်လို့လဲဆို main background color က အဖြူရောင်ဖြစ်နေလို့လဲ. ဒါပေမယ့် ပြောင်းလို့ရတာပေါ့နော်.ကြည့်မကောင်းဘူး ဘလော့ပေါ်မှာ နှင်းစက်ကျအောင်လုပ်ပါတယ်ဆိုမှ ကာလာအရောင် ဖြစ်နေရင်တော့ ကြည့်မကောင်းဘူးလေ. JavaScript file ကို Notepad ထဲ ထည့်ပြီး ကာလာ အဖြူရောင် code နေရာမှာ တခြားအရောင် ပြောင်းထည့်ရင်ရပါတယ်. ကဲဒီတခါကတော့ မှုန်မှုန်ဝါးဝါးမဟုတ်ဘဲ ထင်ထင်ရှားရှား သက်ရွက်တွေ့ အသီးတွေ့ ကိုယ်ကြိုက်တဲ့ အရာဝတ္ထူများ ကျလာအေင် လုပ်ထားတာကို ညီအကိုတို့ဘလော့ပေါ်မှာလည်း လုပ်ချင်စရာလေး ဖြစ်လာအောင် ဒီလင့် http://michaelmusicworld.blogspot.comမှာ သွားကြည့်၍ တွေ့နိုင်ပါတယ.် . ဒါနဲ့ ကျွန်တော်လည်း ညီအကိုတို့ သုံးရတာ အဆင်ပြေအောင်ဆိုပြီး ပုံခုနှစ်ပုံကို လုပ်ထားလိုက်တယ်. ကျွန်တော်လုပ်ထားတဲ့ ပုံတွေ့ကို ညီအကိုတို့က မကြိုက်နှစ်သက်ဘူး ကိုယ်စိတ်ကြိုက်ပုံများကို တင်ချင်တဲ့ဆိုရင်တော့ ပုံအရွယ်အစားများ လုပ်ပုံလုပ်နည်းကို လမ်းညွှန်ပါစေဗျာ. Size ကတော့ width/high =15px ကနေ 20px အတွင်းဖြစ်ရင်ပိုကောင်းပါတယ်. နောက် ပုံရဲ့ background က transparent ဖြစ်ရပါမယ.် အောက်ကတော့ ကျွန်တော်လုပ်ထားတဲ့ ပုံ (၇)ပုံရဲ့ လင့်ပါ. ကျွန်တော်ကတော့ ညီအကိုတို့ အဆင်ပြေအောင်ဆိုပြီး ကျွန်တော်ဘဲ တင်ထားလိုက်တယ်. ပို၍ ကောင်းတာကတော့ ညီအကိုတို့ကိုယ်တိုင် ပုံကို free image host တင်လို့ရမယ် site တခုခုမှာ တင်တာ ပိုကောင်းပါလိမ့်မယ်. (လူအများ ၀ိုင်း ဆွဲသုံးကြတော့ hosting တင်ဖို့ ခွင့် limit ပေးထားတဲ့ Bandwidth ကို ကျော်လွန်သွားရင် down သွားတက်ပါတယ်.)

အခုဘလော့ပေါ်ကနေ အရာဝတ္ထူတွေ့ ကျလာအောင် လုပ်တဲ့နည်းလမ်းက အမြင်ကဖြင့်
ဘလော့ပေါ်မှာ နှင်းစက်များကျလာအောင် ပြုလုပ်ပုံ နဲ့ တူတယ်လို့ ထင်ရသော်လည်း တကယ်တမ်းကြတော့ လုပ်အောင်ပုံ အခြေခံကတော့ ကျွန်တော် တင်ပြီး ဖြစ်တဲ့ Marquee Effect ကျန်ရှိနေသောအချို့  (၂) နဲ့ သွားတူပါတယ်. ဒီခေါင်းစဉ် ကိုတော့ Marquee Effect ကျန်ရှိသော အချို့ (၄) ဆိုပြီ Title ထိုးမလို့ စဉ်းစားမိပါသေးတယ်. (ကိုး၇ီးယား ဇာတ်လမ်းတွဲများကို အားကျမိလို့လေ) အောက်က ဖော်ပြထားသော code များကို Layout >>>Page Element ပြီးတဲ့နောက် မှတော့ Add A Gadget ကိုနှိပ်ပြီး HTML/JavaScript ကိုရွေးပြီး ဖြည့်လိုက်ပါ.


အပေါ်မှာ အနီရောင်နဲ့ ရေးသားထားသော ပုံရဲ့လင့် URL များကိုတော့ ညီအကိုတို့ စိတ်ကြိုက်ပုံရဲ့လင့်နဲ့ ပြောင်းလဲ ထည့်သွင်းရမှာ ဖြစ်ပါတယ်. ညီအကိုတို့ ဥာဏ်စွမ်းရှိသလောက် ကြိုက်သလို့ scrollamout, height ,left နှင့် top pixel များရဲ့ တန်ဖိုးများကို လည်း ပြောင်းလဲထည့်သွင်း လို့ရပါတယ်. အဆင်မပြေခဲ့သော်၎င်း အဆင်ပြေခဲ့သော်၎င်း feedback (messages) လေးတွေ့ ပေးကြဖို့ တောင်းဆိုပါတယ.်

Leave a Comment

Page Navigation Hack for Your Blog

ဒီhacking လေးကတော့ ဘလော့ဂါများအတွက် အထူးအသုံးဝင်တဲ့ hacking ဖြစ်ပါတယ်. ဘလော့ဂါများအတွက် အသုံးလည်းဝင်သလို့ သုံးလဲ သုံးနေကြပါတယ်. များပြားလာတဲ့ post တွေ့ကို လွယ်လင့်တကူ ရှာဖွေနိုင်တယ့် hacking ဖြစ်ပါတယ်.ရိုးရိုးဘလော့မှာ ပါရှိပြီးသား older post ကိုနှိပ်ပြီး ပို့အဟောင်းတွေ့ကို ရှာရရင် အသက်ကြီးသွားနိုင်ပါတယ်. ကိုယ်ရောက်ချင်တဲ့အနည်းဆုံး စာမျက်နှာ နှစ်ရွက်သုံးရွက်လောက် ကျော်ခွပြီး သွားနိုင်ပါတယ်. အရင်ဆုံးအနေနဲ့ sign in ၀င်လိုက်ပါ.ပြီးရင် Layout>>>Edit HTML ပြီးရင်တော့ ထုံးစံအတိုင်း မလုပ်မဖြစ်လုပ်သင့်တဲ့ download full template ကို နှိပ်ပြီး ကိုယ်ရဲ့ computer ထဲမှာ back up ထားထားလိုက်ပါ. Ctrl+F ကို နှိပ်ပြီး ]]></b:skin> ကို ရှာလိုက်ပါ. ပြီးရင်တော့ အောက်ကcode များကို copy ကူးပြီး  ]]></b:skin> ရဲ့အပေါ်မှာ  (paste) ကူးထည့်လိုက်ပါ.

.showpageArea {padding: 0 2px;margin-bottom:10px;margin-top:10px;
}

.showpageArea a {border: 1px solid #505050;
color: #000000;font-weight:normal;
padding: 3px 6px !important;
padding: 1px 4px ;margin:0px 4px;
text-decoration: none;
}
.showpageArea a:hover {
font-size:11px;
border: 1px solid #333;
color: #000000;
background-color: #FFFFFF;
}

.showpageNum a {border: 1px solid #505050;
color: #000000;font-weight:normal;
padding: 3px 6px !important;
padding: 1px 4px ;margin:0px 4px;
text-decoration: none;

}
.showpageNum a:hover {
font-size:11px;
border: 1px solid #333;
color: #000000;
background-color: #FFFFFF;

}
.showpagePoint {font-size:11px;
padding: 2px 4px 2px 4px;
margin: 2px;
font-weight: bold;
border: 1px solid #333;
color: #fff;
background-color: #000000;

}

.showpage a:hover {font-size:11px;
border: 1px solid #333;
color: #000000;
background-color: #FFFFFF;

}
.showpageNum a:link,.showpage a:link {
font-size:11px;
padding: 2px 4px 2px 4px;
margin: 2px;
text-decoration: none;
border: 1px solid #0066cc;
color: #0066cc;
background-color: #FFFFFF;}

.showpageNum a:hover {font-size:11px;
border: 1px solid #333;
color: #000000;
background-color: #FFFFFF;
}

Ctrl + F ကိုနှိပ်ပြီး  <b:section class=’main’ id=’main’ showaddelement=’yes’> ရှာလိုက်ပါ. Expand Widget Templates ကို check ပေးဖို့ မလိုပါဘူး။ သူရဲ့ code များက အောက်ကလို ရှိလိမ့်မယ်.

<b:section class=’main’ id=’main’ showaddelement=’yes’>
<b:widget id=’Blog1′ locked=’true’ title=’Blog Posts’ type=’Blog’/>
</b:section>

ဒီလင့်ကို  ကလစ်နှိပ်ပြီး တွေ့ရမယ် script code များကို  </b:section> ရဲ့ အောက်မှာ ကူးထည့်လိုက်ပါ. ပြီးရင်တော့ save template ပေါ့. အယ်ဒီမှာ ပြင်မယ်ဆို ပြင်စရာနှစ်ခုရှိပါတယ်. (အပေါ်ဆုံးနားမှာဘဲ ရှိပါတယ်)
var pageCount=10;
var displayPageNum=6;
var pageCount= 10; ဆိုတာကတော့ စာမျက်နှာတရွက်ဆီမှာ ဖော်ပြခြင်းသော post အရေအတွက်ကို ဆိုလိုခြင်းဖြစ်ပါတယ်. var displayPageNum=6; ကတော့  ဖော်ပြထားချင်သော page Navigation ရဲ့အရေအတွက် ဖြစ်ပါတယ်. ဒါကြောင့်မို့ သုံးစွဲသူညီအကိုတို့အနေနဲ့ ကိုယ်စိတ်ကြိုက်တန်ဖိုးများကို ပြောင်းလဲ ထည့်သွင်းလို့ရပါတယ်. အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်.

Best regards,
michaelmoe21@gmail.com

Leave a Comment

Older Posts »